Breaking News

နောက်ခံသမိုင်း

Views: 317

မော်လမြိုင်စက်မှုလက်မှုသိပ္ပံကို ( ၁၉၈၂ )ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ )ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ပထမဦးစွာ ပညာရေးဝန်ကြီးဌာန၊ စက်မှုစိုက်ပျိုးနှင့် သက်မွေး ပညာ ဦးစီးဌာနမှ ဖားအောက်ရပ်တွင် တာဝန်ယူဖွင့်လှစ် ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် နည်းပညာကောလိပ်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ နည်းပညာ တက္ကသိုလ် အဖြင့် ဆက်လက် ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ ၂၀၁၅ ခုနှစ် မှ စတင်၍ ယခု အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ မော်လမြိုင် – ဘားအံ ကားလမ်းကြီး အရှေ့ဘက်ရှိ စက်မှုဇုန်ဝင်း အတွင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်း၏ အကျယ်အဝန်းမှာ (၁၄.၆၆ ဧက) ကျယ်ဝန်းပါသည်။

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

စဉ် အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဦးအောင်မိုးBE(Mech)၂၆-၁-၂၀၁၅ မှ ၁၉-၂-၂၀၁၈
ဒေါက်တာချိုယုမွန်Ph.D (Chemical)၂၀-၂-၂၀၁၈ မှ ၁-၅-၂၀၁၉
ဒေါက်တာမင်းမင်းထွန်း Ph.D (Met)၂-၅-၂၀၁၉ မှ ၂-၆-၂၀၁၉
ဒေါက်တာစည်သူကျော် Ph.D (Met)၃၁-၅-၂၀၁၉ မှ ယနေ့အထိ

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ

အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ လစဉ်ပညာသင်ထောက်ပံ့ကြေးအား ကျောင်းသား(၁) ဦးလျှင် (၁)လ (၃၀၀၀၀ကျပ်) ထောက်ပံ့ ပေးပါသည်။ ပညာသင်ယူ နေစဉ်အတွင်း လက်တွေ့ ကျွမ်းကျင် မှု လုပ်ငန်းအတွေ့အကြုံရရှိစေရန် သက်ဆိုင်ရာ သင်တန်းအလိုက် ပုဂ္ဂလိကလုပ်ငန်း အချို့တွင် ဝင်ရောက် လေ့လာ သင်ယူ နိုင်င်စေရေး အတွက်လည်း ဆောင်ရွက် ပေးပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ

ကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဆက်လက် ပညာသင်ကြားခွင့်ရရှိပြီး ရိုးရိုးအောင်မြင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအချို့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်‌ပေးပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်