Breaking News

ရည်မှန်းချက်များ

နိုင်ငံတော်အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် လူငယ်၊ လူရွယ်များမှ နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့် ရရှိစေရန်၊ လူငယ်၊ လူရွယ်များအတွက် အသက်မွေး ဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်ရန် နှင့် ဒေသအတွင်း စက်မှု ပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်တို့ဖြစ်ပါသည်။

နောက်ခံသမိုင်း

မော်လမြိုင်စက်မှုလက်မှုသိပ္ပံကို ( ၁၉၈၂ )ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ )ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ပထမဦးစွာ ပညာရေးဝန်ကြီးဌာန၊ စက်မှုစိုက်ပျိုးနှင့် သက်မွေး ပညာ ဦးစီးဌာနမှ ဖားအောက်ရပ်တွင် တာဝန်ယူဖွင့်လှစ် ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် နည်းပညာကောလိပ်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ နည်းပညာ တက္ကသိုလ်...